Enchanted Beliefs
- March 01, 2025 - March 03, 2025
- Exhibition
- /
- Artwork
- /
- Artists
the Gallery by AYA SOMPO -
On Site Exhibition
- Sein Myint (Shwechi Hto)
- အနောက်မိဖုရားနတ်, 2014
- Acrylic On Canvas
- 60 x 36 in
- NFS
အနောက်မိဖုရားနတ်သည် မြဝတီမင်းကြီး (၃၇)မင်း နတ်စာရင်းတွင် ပါဝင်၊ အနောက်ကတော်၊ နှောကတော်၊ သားပိုက်မယ်တော်ဟူ၍ ထင်ရှား၏။ အမျိုးသမီးများတွင် ဖြစ်တတ်သည့် ဝေဒနာကုသပျောက်ကင်းရေးအတွက် ပူဇော်ပသကြ၏။ အထည်ယက်လုပ်သူတို့လည်း ပူဇော်ပသကြ၏။ ဘုရင်မင်းကြီးစွာ၏
သား မင်းခေါင်ကြီး၏ မိဖုရားတစ်ပါးဖြစ်၏။ အင်းဝမြို့တွင် အပေါင်းအဖော်များနှင့် ဝါခင်းရောက်ရှိခိုက် စိတ်တွင် မင်းကျော်စွာ နတ်မြင်း ဒုန်းစိုင်းကာ အပြင်းနှင်လာသည်ကို တွေ့လိုက်ရသဖြင့် ကြောက်စိတ်ဖြင့် ထိတ်လန့်ကာ မီးယပ်နာနှင့် ကံကုန်ပြီး နတ်ဖြစ်ခဲ့၏။