DONUTS, DRINKS, DOGS And Others by Min Thar Gyi
- September 27, 2025 - October 03, 2025
ဤပြပွဲသည် "အနုပညာဆိုတာ ဘာလဲ" ဆိုသည့် မေးခွန်းကို လူ့ပတ်ဝန်းကျင်ရှိ အရာဝတ္ထုများနှင့် စိတ်ကူးစိတ်သန်းများကို ပေါင်းစပ်ကာ အနုပညာနယ်ပယ်၏ စည်းမျဉ်းနှင့် ဓလေ့ထုံးတမ်းများကို ချဲ့ထွင်ဖော်ပြနေခြင်း ဖြစ်သည်။
ပန်းချီကားများတွင် ကြည့်ရှုသူများနှင့် ရင်းနှီးကျွမ်းဝင်ပြီးသား ထုတ်ကုန်များ၊ အစားအစာများ၊ သတ္တဝါများနှင့် အခြားသာမန်အရာများကိုပင် အနုပညာလက်ရာများအဖြစ် ဖန်တီးထားပါသည်။ ယင်းလက်ရာများသည် စူးစမ်းလိုစိတ် ဖြစ်ပေါ်စေသော ရဲရင့်တက်ကြွသည့် အပြင်အဆင်၊ အပြောက်အမွှန်း၊ အရောင်နှင့် ဒီဇိုင်းပုံစံများဖြင့် တွေးစရာများ၊ သွားရည်ကျစရာများ၊ ကြောက်စရာများနှင့် ပျော်ရွှင်စရာများဆီသို့ ဆွဲငင်ခေါ်ဆောင်သွားပါလိမ့်မည်။
ကြည့်ရှုသူများသည် ယနေ့လူ့အဖွဲ့အစည်း၏ နေ့စဉ်သုံးနေကျ၊ မြင်နေကျနှင့် ကြားနေကျဖြစ်သော လူသုံးပစ္စည်းများ၊ အစားအစာများ၊ တိရစ္ဆာန်များနှင့် အခြားအရာများကို မြင်တွေ့ရမည်ဖြစ်ပြီး၊ ရိုးရှင်းသော အလှတရားများ၊ ချစ်စရာ၊ စားချင်စဖွယ်၊ ကြည့်ချင်စဖွယ်၊ နားဆင်ချင်စဖွယ်နှင့် တွေးချင်စဖွယ်များကို စိတ်ပါဝင်စားစွာ လေ့လာခံစားနိုင်ပါသည်။
အနုပညာရှင်၏ နောက်ခံသမိုင်း
အနုပညာရှင်သည် ၁၉၈၁ ခုနှစ်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့ပြီး၊ ပန်းချီပညာကို New Zero အနုပညာသင်တန်း အမှတ်စဉ် (၂) တွင် ၂၀၀၈ ခုနှစ်မှစ၍ ဆရာ ဦးအေးကို၊ ဆရာ ဗဂျီ လင်းဝဏ္ဏ၊ ဆရာ ကောင်းဆုတို့ထံတွင် စတင်ဆည်းပူးခဲ့သည်။ ထို့နောက်၊ အရောင်၊ ဖွဲ့စည်းပုံနှင့် အလှတရားများကို ဆရာ ဦးဝင်းဖေမြင့်ထံတွင် ဆက်လက်ဆည်းပူးခဲ့သည်။
၂၀၀၉ ခုနှစ်မှစ၍ ပြည်တွင်းပြည်ပ အုပ်စုလိုက် ပန်းချီပြပွဲများနှင့် Performance အနုပညာပွဲပေါင်း ၁၃၀ ကျော်တွင် ပါဝင်ပြသခဲ့ပါသည်။
This exhibition explores the question, "What is art?" by combining everyday objects and imaginative concepts from the human environment. It aims to expand the rules and traditions of the artistic field.
The paintings feature familiar products, food, animals, and other ordinary things, transforming them into works of art. These pieces, with their bold and dynamic styles, patterns, colors, and designs, will draw viewers into a world of contemplation, delight, wonder, and joy.
Visitors will see everyday items, such as consumer goods, food, and animals, that they are used to seeing and hearing about in today's society. They can engage with these simple elements, finding them lovely, delicious, beautiful to look at, pleasant to listen to, and thought-provoking.
Artist's Background
The artist was born in Yangon in 1981 and began studying painting in 2008 at the New Zero Art School, batch 2, under teachers U Aye Ko, Bagyi Lin Wanna, and Kaung Su. He later continued to study color, composition, and aesthetics under teacher U Win Pe Myint.
Since 2009, he has participated in over 130 group exhibitions and performance art events both in Myanmar and abroad.