“ရွှေချည်ငွေချည်”
A Solo Exhibition by Nann Nann
အနုပညာရှင်နန်းနန်း နှင့် Fabrix တို့ပူးပေါင်းပြသတဲ့ "ရွှေချည်ငွေ ချည်” ပြပွဲမှာ မြန်မာ့ရိုးရာချိတ်လုံချည်များကို နောက်ခံထားပြီး ကင်းဗက်တစ်ချပ်အသွင်ပြောင်းလဲကာ အမျိုးသမီးငယ်လေးများ လရောင်အောက်တွင် ဗိုင်းငင်နေကြပုံ၊ ရက်ကန်းရက်လုပ်နေကြပုံများကို လွတ်လပ်တဲ့အရောင်တွေ စုတ်ချက်တွေနဲ့ အတူပေါင်းစပ်ဖန်တီးထားတဲ့ ပန်းချီကားတွေ အဖြစ် မြင်တွေ့ခံစားကြရမှာပါ။
နန်းနန်းရဲ့ပန်းချီကားတွေဟာ "လသာတုန်းဗိုင်းငင်" ဆိုတဲ့စကားပုံလေးကိုအစွဲပြုလို့ လရောင်ကိုသာ အားထားပြီးခက်ခဲသည့် အခြေအနေများမှာပင် အချိန်နဲ့ အမျှ အလုပ်ကြိုးစားကြ တဲ့ အမျိုးသမီးတွေရဲ့ လုံ့လဝီရိယရှိမှု၊ စိတ်ရှည်မှု နဲ့ ခွန်အားတို့ကို ပုံဖော်ထားပါတယ်။
ယခုပြပွဲကို ပြည်တွင်းဖြစ်ချည်ထည်များ၊ မြန်မာ့ရိုးရာချိတ်ဒီဇိုင်းများနဲ့ အခြားသော ရိုးရာအထည်အလိပ်များကို ခေတ်နဲ့ အညီလိုက်ဖက်တဲ့ ဖက်ရှင်အဝတ်အထည်များထုတ်လုပ်သည့် အမျိုးသမီးစွန့်ဦးတီထွင်သူဦးဆောင်သည့် Fabrix ပြည်တွင်းဖြစ် အဝတ်အထည်လုပ်ငန်းမှ ပံ့ပိုးတင်ဆက်ထားပါတယ်။ Fabrix ဟာ တီထွင်ဆန်းသစ်သော အနုပညာစိတ်ကူးများကို တန်ဖိုးထားပြီး နယ်ပယ်အသီးသီးတွင် ကြိုးစားနေကြသည့် အမျိုးသမီးများ၏ အရည်အချင်းနဲ့ ခွန်အားတွေကို အနုပညာရှင် နန်းနန်း နဲ့ အတူဖော်ထုတ်လိုပါတယ်။ "ရွှေချည် ငွေချည်" ပြပွဲမှာ အခရိုင်းလစ်၊ မှုတ်ဆေး၊ ရွှေဆိုင်းများနဲ့ ချိတ်လုံချည်များကိုအသုံးပြုထားပြီး မြန်မာ့ရိုးရာဟန်နဲ့ နန်းနန်းရဲ့ လွတ်လပ်တဲ့စုတ်ချက်တွေ ပေါင်းစပ်မှုကို ခံစားကြရမှာပါ။ Fabrix နဲ့ နန်းနန်းရဲ့ ပူးပေါင်းတင်ဆက်မှု မှတဆင့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေ၊ အနုပညာနဲ့ လူ့အဖွဲ့အစည်းကို ပုံဖော်ရာမှာ အရေးပါလှတဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ၊ ကြံ့ကြံ့ခံနိုင်မှု တီထွင်ဖန်တီးနိုင်စွမ်း နဲ့ ခွန်အားတို့ကို ပန်းချီကားတွေအဖြစ် ဖန်တီးဂုဏ်ပြုထားပါတယ်။
In ရွှေချည် ငွေချည် Exhibition, Nann Nann transforms Myanmar’s traditional Cheik longyi into a canvas, painting the silhouettes of women weaving by hand. Her work celebrates their strength, resilience, and patience, inspired by the saying, “Weave the wools while there is still moonlight,” a reminder to keep working hard and make the most of every chance.
This exhibition is presented by Fabrix, a woman-led enterprise specializing in traditional Cheik designs and other Myanmar textiles. Fabrix values both preserving Myanmar’s cultural heritage and supporting new artistic ideas. It aligns with Nann Nann’s purpose to empower women and celebrate their stories through art. Through this collaboration, Fabrix has supported Nann Nann in highlighting the strength and creativity of women, passing down these qualities through generations.
Using Cheik longyi fabric mixed with acrylics, spray paint, and gold flakes, Nann Nann’s work blends tradition with modern art. Her works celebrate the power, creativity, and resilience of women, emphasizing their important role in shaping both the arts and society.
“ရွှေချည် ငွေချည်”
- January 11, 2025 - January 13, 2025
Fabrix -
On Site Exhibition